နောင်တရားမြို့၌ အသက် ၈၀ နှစ်မှ ၈၅ နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

နောင်တရား    အောက်တိုဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အသက် ၈၀ နှစ်မှ ၈၅ နှစ်အကြား ဘိုးဘွားများကို ယနေ့ နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၀ နှစ်မှ ၈၅ နှစ်ကြား ဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။

နောင်တရားမြို့အတွင်းတွင်  အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အသက်၈၀နှစ်မှ ၈၅နှစ်ကြား ဘိုးဘွား(၁၁)ဦးကိုလည်းကောင်း၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အမှတ်(၁) ရပ်ကွက် အတွင်းရှိ အသက် ၈၀နှစ်မှ ၈၅နှစ်ကြား ဘိုးဘွား(၁)ဦးနှင့် မသန်စွမ်းထောက်ပံ့ငွေ မရရှိသေးသည့် ကျန်ရှိနေသာ မသန်စွမ်း(၂)ဦး ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ အမှတ်(၃)ရပ်ကွက် အတွင်းရှိ အသက်၈၀နှစ်မှ ၈၅နှစ်ကြား ဘိုးဘွား(၆)ဦး ကိုလည်းကောင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။

နောင်တရားမြို့ အတွင်းတွင် အသက်၈၀နှစ်မှ ၈၅နှစ်ကြား ဘိုးဘွား စုစုပေါင်း(၁၈)ဦး ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)