မိုးနဲ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ရွှေပိုး (GROUP) တို့ ပူးပေါင်းကာ ဆွမ်း ၊ ကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း သုံးကျောင်းသို့ ယနေ့ နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီး ကျောင်းများအရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ရွှေပိုး (GROUP) မှ ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက လွိုင်မြေရပ်ကွက်၊ ချမ်းသာကြီး ကျောင်းတိုက်သို့ ဆွမ်းဆန်တော် ၄ အိတ် နှင့် ဆွမ်းဟင်းလျာအတွက် လှူဖွယ်ပစ္စည်း ၆ မျိုးကို လည်းကောင်း၊ ဝမ်ကျိုင်းကျေးရွာ နားလင်းဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် တစ်အိတ်နှင့် ဆွမ်းဟင်းလျာအတွက် လှူဖွယ်ပစ္စည်း ၂၅ မျိုးကို လည်းကောင်း၊ ဝမ်ယေးကျေးရွာ စက်တော်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် တစ်အိတ်နှင့် ဆွမ်းဟင်းလျာ အတွက် လှူဖွယ်ပစ္စည်း ၁၉ မျိုးကိုလည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ရွှေပိုး(GROUP)တို့ ပူးပေါင်းမှုဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲသော ဘုန်းတောင်ကြီးများသို့ ဆွမ်းဆန်တော်နှင့် ဆွမ်းဟင်းလျာများ လှူဒါန်းပေးလျက်ရှိရာ အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်း နိုင်ကြောင်းလည်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)