မိတ္ထီလာ၊ အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းဆုံများတွင် ညစဉ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူများ တွေ့ရှိလာသဖြင့် မီးသတ်ဦးစီးဌာအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးတွေမှာ ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းဆုံ များတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့ မှ စတင်၍ ညစဉ် ကြေညာပေးလျက်ရှိသည်။
၎င်းအပြင် မီးသတ်ဦးစီးဌာနအနေဖြင့် ထွန်းညိုလူ ၊ မြတ်နိုးသူ ၊ သီးကုန်းအမြန်လမ်း ယာဉ်စစ်ဆေး ရေးဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးတွေမှာ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် ကိုဗစ်-၁၉ ပိုးတွေ့သည့် နေရာများနှင့် အသွား အလာကန့်သတ်ထားရှိမည့်နေရာများကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)