မိုကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅)ကြားရှိ သက်ကြီး အဘိုးအဘွား များအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်

မိုးကောင်း  အောက်တိုဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကုစားမှု အစီအစဉ်အရ မိုးကောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီး အဘိုးအဘွား (၆၉၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၀၉)သိန်းကျော် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က အမှာစကားပြောကြား၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ထောက်ပံ့ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ပြောကြားပြီး တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ဆက်လက် ထောက်ပံ့ပေးအပ်နိုင်ရေး လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်/ကျေး(၅၀)မှ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား အဘိုးအဘွား တစ်ဦးလျှင်ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် သက်ဆိုင်ရာ ရပ်/ကျေး အလိုက် ကွင်းဆင်းထောက်ပံ့ရေး အဖွဲ့များက တစ်အိမ် တက်/ဆင်းစနစ်ဖြင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)