ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်/ကျေးစာရေး ဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်

ဇလွန်  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း များအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီ အချိန်ခန့်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က  နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများအပေါ် အလေးထား ဆောင်ရွက်ပေးသကဲ့သို့ ဝန်ထမ်းများမှလည်း ပေးအပ်သော လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတော်အစိုးရမှ ရပ်/ကျေး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်း ထောက်ပံ့ခဲ့သည့် ထောက်ပံ့ငွေများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ပြန်လည်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၆) အုပ်စုရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်း စုစုပေါင်း(၇၁)ဦးကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)