ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး

ကြံခင်း အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းသည် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချ လျက်ရှိသည့် ဆိုင်များအား စက်တင်ဘာ(၂၁)ရက်နေ့မှစပြီး အောက်တိုဘာ(၁)ရက်နေ့ထိ ထုတ်ပြန်ထားရာမှ ကိုဗစ်-၁၉ ကူးစက်မှု များပြားလာသည့်တွက် ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် အောက်တိုဘာ(၃၁)ရက်နေ့ထိ တိုးမြှင့်သတ်မှတ်ထားပြီး နေ့စဉ်နံနက်(၆)နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ်ရောင်းချနေမှုအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရန် အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ် စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)