ကာမိုင်း အောက်တိုဘာ ၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး) အကြိမ်မြောက် ကပ်ထား ကြေညာမှုအရ ကာမိုင်းမြို့အတွင်းရှိ မြို့ပေါ်တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် မဲရုံပေါင်း ၈ ရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၉၆ ဦး ရှိကြောင်း သိရသည်။
ထိုသို့ ကာမိုင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီခြောက်ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ လီဆူတိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်လောင်း (၈)နှင့် ရဝမ်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်လောင်း ၄၇ ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)