ဇလွန် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှုရှိစေရေးကို ပူးပေါင်း အဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးသစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများတွင် Mask တပ်ဆင် ရောင်းဝယ်မှုရှိ / မရှိ ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှု ရှိ / မရှိ ၊ ဈေးရောင်းချသူများအနေဖြင့် တိုင်းဒေသကြီးအဆင့်ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာ ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီရောင်းချမှု ရှိ / မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိပြီး ညနေပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သားငါးတန်းတွင် ဆပ်ပြာရည်ဖြင့် ရေဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)