ကံမ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကံမမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသည့် နယ်စပ်မြို့နယ် တစ်ခုဖြစ်သည့်အတွက် မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာ ကားလမ်းမ ပေါ်ရှိ ပြကြီးကျေးရွာ အနီး၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်တစ်ခုနှင့် ပြည်-သရက်ကားလမ်း နယ်စပ်အနီး ပေပင်ကျေးရွာ၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်တစ်ခုတို့အား ၂၄ နာရီ ဖွင့်လှစ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်တီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကုန်တင်ယာဉ်၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် နေ့စဉ်ဖြတ်သန်း သွားလာကြသည့် ပြည်သူများအား သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်နှင့် မိမိတို့၏နေထိုင်ရာ ရပ်ကွက်ကျေးရွာများမှ ထောက်ခံစာများအား စစ်ဆေးအတည်ပြုခြင်းများ၊ ယာဉ်အမှတ် မှတ်သားခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်ပြုစုခြင်းနှင့် နှာခေါင်းစည်း (Mask) များ တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အဝင်အထွက် ကျန်းမာရေးစစ်ဆေး ရေးဂိတ်များ၌ ဝင်ထွက်သွားလာကြမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT Test Kit(အမြန်စစ်) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို နေ့စဉ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)