စေတုတ္တရာမြို့နယ် ဖအိုင်းအရှေ့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ      အောက်တိုဘာ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ဖအိုင်းအရှေ့ကျေးရွာ အခြေခံပညာ အလယ်တန် ကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေဖြင့် မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် ကျောင်းဆောင်သစ်များ တိုးချဲ့ တည်ဆောက် ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၅၅.၈၉)သန်းဖြင့် အလျား(၉၀)ပေ၊ အနံ (၃၀)ပေရှိသော (Steel Structure) (၁)ထပ် အဆောက်အဦးအား မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုကြောင့် ဖအိုင်းအရှေ့ကျေးရွာများမှ ကျောင်းသား/ သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)