ကွမ်းခြံကုန်း အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Corona Virus Disease 2019(COVID-19)ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်မြို့နယ် အတွင်းရှိ(Quarantine Center) များတွင်လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များဆောင် ရွက်နိုင် ရန်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအဖွဲ့ဝင်များဖြင့် အဖွဲ့(၄)ဖွဲ့၊ ဖွဲ့စည်းထားပြီးရပ်ကွက်ကျေးရွာများ အတွင်းကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်း ကအဖွဲ့(၃)မှမြို့ နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်ဦးဆောင်၍ စီမံကိန်းဌာန၊ မြို့နယ်စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များနှင့်အတူ တောကြီးတန်း အုပ်စု ကျေးရွာ (၁၀)ရွာသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် အုပ်ချုပ်ထောက်ပံ့ရေး အဖွဲ့ဝင်များက ကျေးရွာများတွင် ဖွင့်လှစ်ထား သောအသွား အလာကန့်သတ်စောင့်ကြည့်ထားသောနေရာ Quarantine များတွင် ထားရှိသူများ နေထိုင်စားသောက်မှုအဆင် ပြေစေရန်၊သောက်ရေသုံးရေနှင့်လိုအပ်ချက်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Quarantine နေထိုင်သူများနှင့်တွေ့ဆုံ၍ဆွေး နွေးညှိနှိုင်းခဲ့ပြီး လတ်တ လောလိုအပ်ချက်များဖြစ်သည့် မရမ်းကျေးရွာ၊တိုက်ကြီးကျေးရွာ၊တော်ခရမ်း လေးကျေးရွာ၊ တောကျောင်းကျေးရွာများရှိ Quarantine Centerများတွင်လက် သန့်ဆေးရည်၊ နှာခေါင်းစည်း(mask)၊ တာပေါ်လင်စများ၊ တိုက်ကြီးကျေးရွာ Quarantine Centerတွင် ရေနှင့်မီးလိုအပ်ချက်များ ကိုမြို့နယ်ကိုဗစ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ တင်ပြထားပြီး အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်ရန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)