လက်ပံတန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူ နေကြသည့် positive လူနာဖြစ်သူ Case No.9183 အသက်(၅၉)နှစ် မြို့မရပ်ကွက်(၁)လမ်း နေသူနှင့် Case No.9182 (၂၃)နှစ် မြို့မရပ်ကွက်၊ ၁ လမ်းနေသူတို့(၂)ဦးတို့သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆေးကုသမှုခံယူခဲ့ရာမှ ရောဂါပိုးကင်းစင်လာပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသဖြင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွန်မှုဖြင့် လက်ပံတန်း မြို့နယ် နာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး နေအိမ်တွင် Stay at Home (၇)ရက်ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ (၂၂)ဦး၊ သံသယလူနာ (၂)ဦးရှိပြီး ရောဂါကင်းစင်ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရသူ (၅)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
ဝင့်နန္ဒာဌေ