ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Camp (၃၈) နေရာတို့အား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ဝမ်းတွင်း၊ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Camp (၃၈) နေရာတို့အတွက် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉(Second Wave)ဦးဆောင်ကူညီရေးအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ် ဦးဆောင်ကူညီရေးအဖွဲ့အနေဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင်ကိုဗစ်-၁၉ရောဂါ Positiveလူနာများ၊ Camp (၃၈) နေရာနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ Quarantine Centreများတွင်ဝင်ရောက်နေသော ပြည်သူများအား အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်အတွက် ဆေးရုံသုံး Instruments နှင့် Equipment ပစ္စည်းများဖြစ်သည့် Oxygen Set (၃) ခု၊ Digital BP Cuff (၁၀) ခု၊ Pulse Oximeter (၁၀) ခု၊ Apron (၁၀၀၀) ခု၊ Cap (၁၀၀၀) ခု Surgical Groen (၂၀၀)  ခု၊ Mask (၅၀၀၀)ခု၊PPE (၉၆)  စုံ၊Hand Gel(၄)၊KN-95 (၃၆) ခု၊ Googles (၃၇) ခု၊ CCTVကင်မရာတို့ကိုမြိုနယ်အတွင်းရှိအ လှူရှင်များကိုယ်စား လှူဒါန်းပေးခဲ့ကြသည်။ အဆိုပါကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် တာဝန်ခံဆရာဝန်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစံမင်းအောင်၊ မြို့နယ်ကိုဗစ်-၁၉(Second Wave)ဦးဆောင်ကူညီရေးအဖွဲ့ကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်