ကျိုက်ထို အောက်တိုဘာ ၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှုအစီအစဉ်အရ ကျိုက်ထိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်မထုတ်ယူနိုင်သည့် မသန်စွမ်းသူများအား အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ယာရောက် သွားရောက် ထောက်ပံ့ပေးပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျိုက်ထိုမြို့နယ်ရှိ မသန်စွမ်းသူ (၁၇၈၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် (၅၃၅၂၀၀၀၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)