စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းတွင် မျိုးကွဲပယ်ခြင်း ထိရောင်မှုရှိစေရေး လက်တွေ့ပြသပေး

စစ်ကိုင်း အောက်တိုဘာ ၇

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာရှိ တောင်သူများ အား မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းတွင် မျိုးကွဲပယ်ခြင်းများ စနစ်တကျဖြစ်စေရေးအတွက် ယမန်နေ့က လက်တွေ့ သရုပ် ပြသပေးခဲ့ကြကြောင်းသိရသည်။

" မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားတဲ့ တောင်သူတွေကို မျိုးကွဲပယ်တဲ့အခါ စနစ်တစ်ကျဖြစ်စေ ရေးနဲ့ ပြုလုပ် ဆောင်ရွက်မှု မှန်ကန်စေဖို့အတွက် အခုလိုလက်တွေ့ပြသပေးတာပါ (၆)တန်းစိုက်၊ တစ်တန်း လှပ် စနစ်နဲ့ စိုက်ပျိူးပြီး မျိုးကွဲပယ်တဲ့အခါ လူသွားလာမှု လွယ်ကူပြီး မျိုးစပါးတွေ ထိခိုက်မှု မရှိဘဲ မျိုးစေ့ကောင်းတွေ ထုန်လုပ်နိုင်မှာပါ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ ပေါင်း၊ မြက်တွေ ကင်းရှင်နေမယ်ဆိုရင် အောင်မြင် တဲ့မျိုးစေ့တွေရရှိလာမှာပါ " ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီး မှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ် အနေဖြင့် မိုးစပါးစိုက်ဧက( ၂၆၂၀၀ )ဧက ရှိပြီး မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၃၇၀) ဧက ကို ကျေးရွာပေါင်း(၂၇)ရွာမှ တောင်သူ(၁၂၈)ဦးတို့က စိုက်ပျိုးထားလျှက် ရှိကြောင်းသိရသည်။

ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)