စားနပ်ရိက္ခာ အခက်ခဲရှိနေသာ ကျေးရွာသို့ လမင်းတစ်ရာဘက်စုံပရဟိတ ဆရာတော်နှင့်အဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ

ပုသိမ်  အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ လမင်းတရာဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)မှ ကိုဗစ်-၁၉ကာလတွင် ကန်ကြီးထောင်မြို့နယ် မိချောင်းတရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ လက်လုပ် လက်စားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စားသောက်ကုန်များ သွားရောက်ထောက်ပံ ကူညီခဲ့ကြောင်း သိရသည်။

ထိုသိုလှူဒါန်းရာတွင် အိမ်ထောင်စု ၈၃ စုအတွက်တန်ဖိုးငွေကျပ် ၆၅၄၀၀၀ တန်ဖိုးရှိ ဆန် ၂၀ အိတ်၊ ကြက်ဥ/ဘဲဥ အလုံး ၄၀၀ ကို လှူဒါန်း ထောက်ပံခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)