လမ်းမတော် အောက်တိုဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများအား မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်နေရာ များအတွက် ဆေးဘက်ဆိုင်ရာသုံးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လမ်းမတော်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အသွားအလာကန့်သတ် စောင့်ကြည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်- ၁၉ ကာကွယ်ရေး အထောက်အကူ ပြု ပစ္စည်းများဖြစ်သော PPE ဝတ်စုံ(၇၅)စုံ၊ ပိုးသတ်ဆေးပုံး(၁)ပုံး၊ လက်သန့်ဆေး(၁)ပုံး၊ လက်အိတ်(၃)ဗူး၊ Level(2) ဝတ်စုံ ၁ဖာ၊ N-95(၈)ဗူး၊ Face Sheild ၁၀ ခု ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများနှင့် အနံ့ပျောက်သူများအား အ.ထ.က (၁)၊ အ.လ.က (၁) တို့တွင် ထားရှိပြီး စောင့်ကြည့်စင်တာ များတွင် နေထိုင်သူများအတွက် အစားအသောက်နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အခြေအနေများကို လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
လမ်းမတော်(ပြန်/ဆက်)