ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေများ လာရောက်လှူဒါန်း

ပုလဲ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက် ပိုင်းက   ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်  ၊   ကုသရေးလုပ်ငန်းများ   ဆောင်ရွက် နိုင်ရေးအတွက်  စေတနာရှင်၊   အလှူရှင်များက   အလှူငွေများကို  လာရောက်လှူဒါန်းခဲ့ကြောင်း   မြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ပုလဲမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ   အရှိန်တိုးမြှင့်  ဆောင်ရွက်နိုင် ရေးအတွက်  ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာနေ ဦးဝိုင်း+ဒေါ်ဌေးကြည် မိသားစု က ငွေကျပ်၁သိန်း၊ ကမ္ဘားရပ် ကျေးရွာနေ ဦးလှဝင်း+ဒေါ်သောင်းရင် မိသားစုက ငွေကျပ် ၂သိန်း၊ရန်ကုန်မြို့နေ ဦးတင်ကိုဦး+ ဒေါ်ခိုင်နွယ်ဦး၊ ဦးကျော်နိုင်ဝင်း+ဒေါ်မိုးရီ၊ဦးဇင်မျိုးအောင်+ ဒေါ်သူသူဝင်း နှင့်မမေသဇင်ထက်တို့က ငွေကျပ် ၂ သိန်း စုစုပေါင်းငွေကျပ် ၅သိန်းကိုလာ‌ရောက်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဇော်ထက်တို့နှင့်အတူ  လက်ခံရယူခဲ့ပြီး စေတနာရှင်၊အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို    ပြန်လည်ပေးအပ်ခဲ့ပါတယ်။    ရပ်ဝေး ရပ်နီးမှ   စေတနာရှင်၊ အလှူရှင်များ အနေဖြင့်အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို   လှူဒါန်းလိုပါက    မြို့နယ် Covid - 19ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ - ဖုန်း  ၀၉၉၆၃၇၀၀၀၁၃နှင့်၀၇၁ ၂၀၃၅၀၀၃သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းကိုလည်း  အသိပေးပြောကြားလိုပါတယ် ” ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ်တွင်  ကိုဗစ် - ၁၉ရောဂါပိုးတွေ့လူနာ ၉ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံIsolation Ward၌ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးထားပြီး ပိုးတွေ့လူနာများ၏  ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း  မြို့နယ်COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)