မက်မန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မက်မန်းမြို့ပေါ်(၂)ရပ်ကွက်၊ ကွန်ဟောင်း ကျေးရွာနှင့် မွတ်နိုးကျေးရွာများသို့ အိမ်တိုင်ရာရောက် သွားရောက်ပြီး ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မက်မန်း(ပြန်/ဆက်)