ရေး အောက်တိုဘာ ၇
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေး တာဝန်ကို ထမ်းဆောင်ရန် အထူးရဲသင်တန်းကို အောက်တိုဘာလ (၁) ရက်နေ့မှ စ၍ အောင်သုခရပ်ကွက်ရှိ ထန်းခြောက်ပင်ကျောင်းတိုက် ဓမ္မာရုံ၌ ဖွင့်လှစ်လျက်ရှိရာ အဆိုပါ သင်တန်းတွင် တက်ရောက်နေကြသော အထူးရဲသင်တန်းသားများကို ယမန်နေ့ မွန်းလွဲ(၃) နာရီ မှစတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သင်တန်းသားများအား စစ်ဆေးဆောင်ရွက်ရာတွင် ရေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန်နှင့် ကျန်းမာရေးဝန်ထမ်းများက အထူးရဲ သင်တန်းသား (၁၃၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Standard Q COVID-19 Antigen (RTD) test များဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ အထူးရဲသင်တန်းသား(၁၃၀)ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်း သင်တန်းသားအားလုံး (Negative)ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)