မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဈေးဆိုင်များ စနစ်တကျ ဖွင့်လှစ်ရေး ကွင်းဆင်းစစ်ဆေး

မင်္ဂလာဒုံ   အောက်တိုဘာ

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင်ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့လူနာ များမြင့်တက် လာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ထောက်ကြန့် ရတနာစျေး၊  ရတနာသီရိစျေးနှင့် သင်္ဃန်းကျွန်းကြီး မင်္ဂလာစျေးအတွင်း ရောင်းဝယ်မှု ရှိ / မရှိ ယမန်နေ့ နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ဈေးရောင်းချသူများ၊ ဆက်သွယ် သွားလာလျက်ရှိသည့် ပြည်သူများသို့ နှာခေါင်းစည်း (mask)များ အခမဲ့ ဝေငှ ပေးခြင်း နှာခေါင်းစည်း (mask)နှင့်  မျက်နှာကာ(face shield)များ စနစ်တကျ တပ်ဆင်ရေး၊ စနစ်တကျ လက်ဆေးရေး တို့အတွက် တိတိကျကျလိုက်နာဆောင်ရွက်ရန် လည်းလက်ကိုင် အသံချဲ့စက်များဖြင့် လိုက်လံ နှိုး‌‌ဆော် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာရေး ကော်မတီမှ သိရသည်။

ဇင်ငြိမ်း( ပြန်/ဆက်)