မင်္ဂလာဒုံမြို့နယ် အထက (၅)ကျောင်း Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယမန်နေ့ နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။