ပန်းဘဲတန်းမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် အသုံးပြုရန်ရေသန့်ကဒ်များ လှူဒါန်း

ပန်းဘဲတန်း အောက်တိုဘာ ၈

ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြု ရန် ရေသန့်ကဒ်များကို ယမန်နေ့က အလှူရှင်များသွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာ အလယ်တန်းကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် ဆက်စပ်သူများ၊ ကနဦး လက္ခဏာရှိသော သံသယလူနာများအားထားရှိလျက်ရှိရာ အဆိုပါ ကန့်သတ် စောင့်ကြည့်ရေးနေရာတွင် သောက်သုံးရန်အတွက် Ice Water (Myint Family Aung That Pyay Company Limited) ရေသန့် (၁၅၀) ကဒ်အား အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်၊ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်တို့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

နေခြည်(ပြန်/ဆက်)