လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်​ရေး တွေ့ဆုံဆွေးနွေး

မောက်မယ် ​အောက်တိုဘာ ၈

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်၀န်း  လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နမ့်လွတ် ကျေးရွာ အုပ်စုရှိ ​ကျေးရွာများသို့ ယမန်​နေ့ နံနက် (၁၀)နာရီက လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဝင်းမြတ်သူမှ  အဖွင့်အမှာစကားပြောကြားပြီး နည်းပညာအကြံပေး ဦးမိုင်းဉာဏ်လင်း မှ (တတိယ) နှစ်စက်၀န်းလုပ်ငန်းများအကောင်အထည်​ဖော်ဆောင်ရွက်ရာတွင်​ ကျေးရွာလူထုနှင့်​ကော်မတီဝင်များအနေဖြင့် မိမိ​ကျေးရွာမှအမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်သွားရန်နှင့် တည်ရှိကော်မတီဝင်များ အနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်​ဆောင်ရွက်ပေးသွားကြရန် ဆွေး​နွေးအကြံပြုခဲ့သည်။

ထို့နောက် တာဝန်ကျစည်းရုံးရေးမှူးများနှင့်   လက်​ထောက်နည်းပညာမှူး တို့က စီမံကိန်းအကြောင်းများ ပြန်လည်မိတ်ဆက်​ ပြောကြားခြင်း ၊ စီမံကိန်း စက်ဝန်းဖြင့် အကောင်အထည်​ဖော်ဆောင်ရွက်သွားရန် ၊ ​ထောက်ပံ့ရန်ပုံငွေရရှိမှု ၊ ကျေးရွာစီ/ထောက်​ ကော်မတီဝင်များအတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ အတည်ပြုခြင်းတို့အား  နမ့််လွတ်ကျေး ရွာအုပ်စု အတွင်းရှိ ကွန်ခံ​ကျေးရွာ၊ ဝမ်နားကျေးရွာနှင့် ဖာဟင်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)