မင်္ဂလာဒုံ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယမန်နေ့ နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Face Mask ဗူး (၄၀)၊ PPE ဝတ်စုံ (၁၅၀)စုံ၊ လက်အိတ် (၃၀၀)စုံ၊ N-95 Mask ဗူး (၁၀) ၊ Face Sheild (၃၀)ခု၊ Apron ၁၀၀ ပါ (၁)ထုတ်၊ လက်သန့်ဆေး(၆)ဗူး၊ ပိုးသတ်ဆေးရည် ၅လီတာ (၂)ပုံးနှင့် ၄ လီတာ( ၂)ပုံး ၊ လက်ဆေးဆပ်ပြာရည် (၆)ဗူး တို့ကို ပေးအပ်ရာ မင်္ဂလာဒုံမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်အတွင်း ဖွင့်လှစ်ထား သည့် Quarantine Centre (၁၁)ခုရှိ တာဝန်ခံများထံသို့ စနစ်တကျ ပြန်လည်ခွဲဝေပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ သိရသည်။
ဇင်ငြိမ်း (ပြန်/ဆက်)
၀၉ ၇၈၇၇၉၆၅၀၈