တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ် ပြ ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး စာစောင်နှင့်ပိုစတာများ ပြ သဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်များနှင့်ပိုစတာများ ပြသ ထားလျက် ရှိကြောင်း သိရှိရသည်။

ကျေးသီးမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်း၊ ကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီး ကျောင်းများသို့ ယနေ့ နံနက်ပိုင်း (၁၀)နာရီက ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီး ကျောင်းများထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

တောင်ကြီးမြို့၌(Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများအား အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါကူးစက်မှုမရှိစေရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးရှေ့၊ အရှေ့မြို့ပတ်လမ်းအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးနှင့် အနောက်မြို့ပတ်လမ်း၊ဝါးပြားလမ်းဆုံမီးပွိုင့်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်(Mask) နှာခေါင်းစည်းမတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်း ပြုလုပ်ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အားကွင်းဆင်း စစ်ဆေးကာ လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး​​ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။

သာကေတမြို့နယ်တွင် တာဝန်ရှိသူများမှ မြို့နယ်အတွင်း သွားလာမောင်းနှင်နေသော မော်တော်ယာဉ် များအား ယာဉ်ကြောစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး stay at home ကာလတွင် YBS ယာဉ်များမှအပ သာကေတမြို့နယ် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များအား ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိစစ်ဆေးခြင်းကို စက်တင်ဘာ(၂၇)ရက်နေ့မှစတင်၍ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သုံးခွမြို့နယ် Quarantine Center များအတွက် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ ၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ (၁၃) ဦးတို့အား ဖလမ်းမြို့သို့ အသွားအလာ စောင့်ကြည့် ထားရှိရန် ဆက်လက်ပို့ဆောင်

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားရှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၇ ရက်ညနေ ၆ နာရီခွဲအချိန်ခန့်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အ.ထ.ကခွဲကျောင်းရှိ Facility Quarantine နေရာ၌ တစ်ညအိပ်ရပ်နားပြီးနောက် ဖလမ်းမြို့သို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိရန် ယနေ့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ခရမ်းမြို့နယ် Quarantine Center များအတွက် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင်/ထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့အဝင်/ အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် Quarantine Centre များအတွက် အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် အရ ယခုလက်ရှိအချိန်အထိ ပိုးတွေ့အတည်ပြုလူနာ(၉၉)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား Primary Contact အဖြစ် အနီးကပ် စောင့်ကြပ်ကြည့်ရှုနိုင်ရန် အတွက် Quarantine Centre (၄) ခု ထားရှိဆောင်ရွက်ထားကြောင်း သိရ သည်။
Subscribe to