ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask)များ ဒုတိယအကြိမ်ထောက်ပံ့

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask) များ ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဌာနအတွင်းမှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၅၀၀) ကျော်ရှိရာမှ ရောဂါပိုးကင်းစင်သူ (၂၁၅)ဦးရှိလာ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၏ မြို့နယ်များတွင် အောက်တိုဘာ ၆ ရက် ည(၈) နာရီအထိ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၅၁၉)ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ (၂၁၅) ဦးရှိကာ ဓါတ်ခွဲအတည်ပြုလူနာ သေဆုံးသူ(၂)ဦး

ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းများနှင့် ပိုစတာများဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသည့် “ သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယမန်နေ့ ညနေ (၃)နာရီခွဲအချိန်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား မတ္တရာမြို့နယ်၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် ကုန်တင်ယာဉ်များမှ ယာဉ် မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ စစ်ဆေးရေးစခန်း တွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် (၁၀၀,၀၀၀)စီထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင်‌ ငွေကျပ်(၁၀၀,၀၀၀)စီ ထောက်ပံ့ပေးခြင်းကို အောက်တိုဘာ(၆)ရက်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူမြို့နယ်၌ (Mask) တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ရေဖြူမြို့ ရေး-ထားဝယ် ကားလမ်းနှင့် ပုဂေါဇွန်းလမ်းဆုံတွင် (Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် မတပ်ဆင်ဘဲ သွားလာသူအား ဒဏ်ငွေဆောင်စေခြင်းတို့ကို နှစ်နေရာခွဲ၍ ပြုလုပ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့ပေါ် ရပ်ကွက်များရှိ မဲရုံထားရှိမည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့ပေါ်ရပ်ကွက်များရှိ မဲရုံထားရှိမည့်နေရာများသို့ ယမန်နေ့ ညနေ (၄) နာရီအချိန်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေး

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို တွန်းဇံမြို့၊ ကျေးလက်ကျန်းမာရေး ဌာန(MCH)ရှိဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနရှိဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိဝန်ထမ်းများပူပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါ ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန (MCH)မှ ဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွာအုပ်စုတို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။

မအူပင်မြို့တွင် အသက် ၈၅ နှစ်ပြည့်ပြီး သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့လှူဒါန်းသည့် အသက် ၈၅ နှစ်ပြည့်ပြီး သက်ကြီးဘိုးဘွားများအား ထောက်ပံငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက အမှတ် ၂ ရပ်ကွက်တွင်ဆောင်ရွက်ခဲ့သည်။
Subscribe to