ဘုတ်ပြင်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များ စတင်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်​ (ပြည်တွင်း)ပြင်ပရောက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲလက်မှတ်များကို ယမန်နေ့စတင်၍ သက်ဆိုင်ရာဒေသို့ ပေးပို့ လျက်ရှိကြောင်းသိရသည်။

ခိုင်ကမ်းမြို့ အဝင်/အထွက်ဂိတ်များတွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှု ကြပ်မတ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်ယာဉ်များသွားလာရာတွင် စံသတ်မှတ်ချက် (Standard Operating Procedure-SOP) တွင် ပါဝင်သည့်အတိုင်း ကုန်တင်ယာဉ်များ၊ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များအားလုံး၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ကိုဗစ်-၁၉ ရောဂါပိုးမရှိ (Negative)ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက်(လိုင်စင်ဓာတ်ပုံ)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက် (၆၅) နှစ် အထက် အငြိမ်းစား ဆရာ/ဆရာမကြီးများအား ဂါရဝပြုကန်တော့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက် (၆၅) နှစ်အထက် အငြိမ်းစားဆရာ/ဆရာမကြီးများအား ပူဇော်ငွေများဂါရဝပြုကန်တော့ခြင်းကို အောက်တိုဘာ ၅ ရက်နေ့နံနက်ပိုင်းမှစ၍ ယနေ့အထိ ပညာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၌ အသက်(၈၀)နှစ်နှင့်(၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အောက်တိုဘာ၁ရက်နေ့မှစတင်၍ အိမ်တိုင်ရာ အရောက် ပေးအပ်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လောင်းလုံးမြို့တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်အတွက် တည်ဆောက်ရေးပစ္စည်းများဝယ်ယူခြင်းနှင့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်း အနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့တော်ခန်းမ၌ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် စံချိန်စံညွှန်းမီ မျိုးစပါးထွက်ရှိရေး ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသ လယ်ဆောကျေးရွာတွင် ဆင်းသုခစပါး မျိုးသန့်၊ မျိုးပွါးထုတ်လုပ်နိုင်ရေး လယ်မြေ ၃၅ ဧကတွင် စိုက်ပျိုးထားရာ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုများထည့်သွင်းခြင်းတို့ ဆောင်ရွက် လျက် ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် ကန်ကြီးကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ (Steel Structure)တစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့်မြင့်မားရေးအတွက် အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ကန်ကြီးကုန်းကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း(၆၅၆) ဖြင့် (Steel Structure ) တစ်ထပ်ကျောင်းဆောင် ဆောက် လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။

မင်းဘူးခရိုင် စလင်းမြို့နယ်တွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မျိုးစေ့ ထုတ်စပါး ၁၀၄၀ဧကစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မျိုးစ့ထုတ်မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စလင်းမြို့နယ် တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၁၁၀ အုပ်စုအတွက် မျိုးစေ့ထုတ်မျိုးစပါး ၁၀၄၀ ဧကစိုက်ပျိုး ထားရှိရာ အောက်တိုဘာလ ၈ ရက်နေ့နံနက် ၇ နာရီအချိန်က ဝက်သိုက် ကျေးရွာနှင့် ရုံးပကန်ကျေးရွာများရှိ စိုက်ကွက်များကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲက
Subscribe to