ထန်တလန်မြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၀၅) ဦးအား သင်တန်းပို့ချလျက်ရှိ

ချင်းပြည်နယ်၊ဟားခါးခရိုင်၊ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၀၅) ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။

ကမာရွတ်မြို့နယ်၌ နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဌနှင့် ကော်မတီ ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် မှ စ၍ ပြည်သူများနေအိမ်မှ ပြင်ပသို့ ထွက်ခွာလာရာတွင် နှာခေါင်းစည်း mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို တက္ကသိုလ်ရိပ်သာ လမ်း၊လှည်းတန်းလမ်း ၊ လှည်းတန်းစျေးရှေ့များတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Face Shield များအခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Face Shield အခု (၆၀၀) အား ယနေ့နံနက်(၆)နာရီခွဲအချိန်မှစတင်ကာ မြစ်သားမြို့မစျေး၊ အခွန်လွတ် စျေးနှင့် ရေဝန်းစျေးများတွင် စျေးရောင်းချသူများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပန်နန်းဒင်မြို့တွင် တောင်ကျချောင်းရေ တိုက်စားမှုများကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းနေရာများအား ပြန်လည်ပြုပြင်ရှင်းလင်းမှုများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများမြင့်တက်လာကာ လမ်းများချောင်းရေ တိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း(၂၇)နေရာခန့် ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်နံရံကပ်ပြဘုတ်နှင့် သီခြားပြဘုတ်တို့ တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ပိုစတာများကို ယနေ့နံနက် က ပြသပေးလျက်ရှိသည်။

ပဲခူးမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသူများအတွက် ရေသန့်ဘူး (၉၀၀၀) လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးတို့တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်စခန်း(၃)ခု၌ လိုအပ်လျက်ရှိသော ရေသန့်ဘူးများအား စေတနာရှင်များနှင့် We Love Mingalar Taung Nyunt ပရဟိတအဖွဲ့တို့မှ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြသည်။

ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း တပ်ဆင်သွား လာခြင်း မရှိသူများကို ခုဝယ်/ခုတပ် ဒဏ်ပေးစနစ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းကို တပ်ဆင် သွားလာဖို့ အသိပေးထားခြင်းနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်သဖြင့် ယနေ့ တွင် နှာခေါင်းစည်းတပ်ဆင်သွားလာခြင်းမရှိသူများ ခုဝယ်/ခုတပ် စနစ်ဖြင့်စစ်ဆေး ဆောင်ရွက် ခဲ့ ကြောင်းသိရပါသည်။

ဘုတ်ပြင်းမြို့တွင် စားသောက်ဆိုင်များအားလုံး (ပါဆယ်)စနစ်ဖြင့် ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက် ရှိသော စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင်တွင်လည်းကောင်း၊ ယနေ့ နံနက်ပိုင်းက နောင်ယား ဈေးတွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
Subscribe to