လဲချားတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံစာစောင်များ ပြသဆောင်ရွက်ပေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာမှုနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသော အသိပညာပေး ပိုစတာနှင့် လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဆီဆုံကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော (DU-12) မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်း ဧက(၆၀)ကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုနှင့် နောင်မြိုင်း ကျေးရွာ အုပ်စုတို့မှ တောင်သူ ၃၅ ဦးက စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး ပြည်သူများအတွက် Maskများအခမဲ့ဖြန့်ဝေ

မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကူးစက်ပြန့်ပွားမှုဖြစ်ပွားလျက်ရှိမှုအပေါ် ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ်ပြည်သူတိုင်း mask တပ်ဆင်အသုံးပြု နိုင်ရေးအတွက် မိုးကုတ်မြို့နယ်၊ ကြက်ခြေနီအဖွဲ့တို့မှ ယမန်နေ့က မိုးကုတ်မြို့အတွင်း Mask များ ဖြန့်ဝေပေးခဲ့ကြသည်။

နမ့်ဆန်၌ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ကွင်းဆင်းကြည့်ရှု

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးနိုင်သည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများတို့၏ အမည်စာရင်းများကို အောက်တို့ဘာလ(၁)ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်း ကပ်ထားကြေညာထားမှု အ‌ခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတို့က ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များမှ ကျန်းမာရေးသုံးပစ္စည်းများနှင့် အာဟာရများ လှူဒါန်း

ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများနှင့်အာဟာရများ လာရောက်၍ လှူဒါန်းခဲ့ကြကြောင်းသိရသည်။

မိုးနဲမြို့၌ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အကာအကွယ်တိုင်နှင့် လမ်းညွှန်သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လမ်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြင်/ထိန်း လုပ်ငန်းများအဖြစ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လမ်းကွေ့များတွင် အကာအကွယ်တိုင်နှင့် လမ်းညွှန်သတိပေး ဆိုင်းဘုတ်များ စိုက်ထူပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန်အတွက် PPE ဝတ်စုံ အထည်(၁၀၀)နှင့်ခေါင်းစွပ်(၂၀၀) စုစုပေါင်းငွေကျပ်(၂၅၆၀၀၀၀)ဘိုးကို ဒုတိယအကြိမ် မြောက် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ပညာရေးမိသားစုတို့ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း စုစုပေါင်းငွေကျပ်(၂၅၆၀၀၀၀)ဘိုးကို ဒုတိယအကြိမ် အဖြစ်၊ ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

မန္တလေး ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးအား လိုအပ်ပါက Quarantine Centre အဖြစ်အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ မန္တလေး ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးအား လိုအပ်ပါက Quarantine Centre အဖြစ်အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ တိုင်းရင်းဆေးရုံကြီးအား သွားရောက်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

သရက်ခရိုင် ဆင်ပေါင်ဝဲမြို့၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နှာခေါင်းစည်း(Mask)၊ လက်အိတ် နှင့်လက်သန့်ဆေးရည်များလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မကွေးတိုင်းဒေသကြီးကြက်ခြေနီ အသင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေ နီအသင်းခွဲမှ မြို့ပေါ်ရပ်ကွက်(၃)ခု တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိသူ များ အား နှာခေါင်းစည်း(Mask)များ အခမဲ့တပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောပေးခြင်း၊ မလို အပ်ဘဲ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)တပ် ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောကြရန် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လမ်းဘေးဝဲယာနံရံ ကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
Subscribe to