ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်သည့် နေရာသုံးနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင်လိုအပ်သည့်နေရာ အသုံးပြု နိုင်ရန်အတွက် အလှူငွေများ လာရောက် လှူဒါန်းလက်ခံခြင်းအခမ်းအနားအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

တီးတိန်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားမှု ကြည့်ရှုစစ်ဆေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တီးတိန်မြို့ပေါ် (၄)ရပ် ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ကြေညာကပ်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

အုတ်တွင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

မိုးမောက်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများကြေညာထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ ၊ လွယ်ဂျယ်မြို့များရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၁၄)ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေး အတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာထားရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ RS to CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကအား ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မိုးစပါးစိုက်ခင်းများ ပိုးမွှားရောဂါကင်းစင်ပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ပြည့်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သက်သာပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦး သက်သာပျောက်ကင်းသဖြင့်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆေးရုံကဆင်းခွင့်ရရှိခဲ့ကြောင်း သိရပြီး၊ ၎င်းအား စိတ်ဓာတ်ခွန်အား ဖြစ်စေရန်အတွက် COVID-19 Volunteer (Kyaukpadaung) လူငယ်များနှင့် ကျေးရွာလူငယ်များ က ဆေးရုံအထွက်တွင် အားပေးခဲ့ကြ ကြောင်းသိရသည်။

မအူပင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် အခြေခံလူတန်းစားများအားလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ရန် ကန့်သတ်မှုများ ဆောင်ရွက်ထားသဖြင့်
Subscribe to