အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာကန့်သတ်စောင့်ကြည့် စင်တာများသို့ နန်းကြီးသုပ်ဘူးများ လာရောက်လှူဒါန်း

အလုံ  အောက်တိုဘာ ၈

ရန်ကုန်အနောက်ပိုင်း ခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံနှင့်အ-ထ-က(၄)အလုံ  အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နန်းကြီးသုပ် ဘူးများ လာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်  အလုံမြို့နယ်၊စံပါယ်လမ်းမှအလှူရှင် ဦးအောင်အောင်ဦးနှင့် အဖွဲ့မှ နန်းကြီးသုပ်(၁၃၀)ဘူးလာရောက်လှူဒါန်းခဲ့ရာ  တာဝန်ကျ ဝန်ထမ်းများက လက်ခံ ရယူခဲ့သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ Centre များကို အ-ထ-က (၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွား အလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်းသိရသည်။

တင်တင်ချို(အလုံ)