ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည်  အောက်တိုဘာ     

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှငအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသက်ထွန်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ()ရက် နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ရွေးကောက်ပွဲနေ့ တွင် မဲရုံမှူး၊ဒုရမဲရုံမှူးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မဲရုံမှူး၊ ဒုရမဲရုံမှူးများကိုလည်း မဲရုံအလိုက် သင်တန်းများဖွင့်လှစ်ပေး သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်နွဲ့နွဲ့ခိုင်က ရွေးကောက်ပွဲ နေ့တွင် အသုံးပြုရမည့် မဲရုံသုံးပစ္စည်းများကို အန္တရာယ်ကင်းရှင်းစွာ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ကြိုတင် ဆန္ဒမဲ(၅၂၃)မဲပေး ပို့ထားပြီးဖြစ်ကြောင်း၊ ပုံစ(၃)နှင့် လျောက်ထားလာသူများအား စာရင်းများထည့်သွင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ရွေးကောက်ပွဲ လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ တာဝန်ကျရာ နယ်မြေဒေသအသီးသီးတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွား မည့် အစီအမံများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)