ဘုတ်ပြင်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များ စတင်ထုတ်ပေး

ဘုတ်ပြင်း အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်​ (ပြည်တွင်း)ပြင်ပရောက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲလက်မှတ်များကို ယမန်နေ့စတင်၍ သက်ဆိုင်ရာဒေသို့ ပေးပို့ လျက်ရှိကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ပြင်ပရောက်နေသူများ ကြိုတင်မဲပေးရန် ဆန္ဒပြုထားသူ ယနေ့ထိ စုစုပေါင်း        ( ၃၉၉ ) ဦးရှိပြီး သက်ဆိုင်ရာ မဲဆန္ဒရှင်ရှိရာဒေသ တပ်ရင်းတပ်ဖွဲ့ ၊ အကျဉ်းထောင်နှင့် သင်တန်း ကျောင်း သို့ တာဝန်ရှိသူများ ကိုယ်တိုင်သော်လည်းကောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ တဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)