ပုလဲ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အောက်တိုဘာ၁ရက်နေ့မှစတင်၍ အိမ်တိုင်ရာ အရောက် ပေးအပ်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ နိုင်ငံ တော်အစိုးရမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များက အဓိက အထောက်အကူပြု လျက်ရှိပါတယ်။
ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို နည်းစနစ်ကျစွာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှ ခံစား ရရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ နေထိုင်ကြသော အသက် ( ၈၀ )နှစ်နှင့် ( ၈၅ )နှစ် အတွင်းရှိ သက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့တဲ့ ငွေများကို ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာအရောက် သွားရောက်ပြီး ပေးအပ်ခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်၌ နေထိုင်သော အသက်( ၈၀ )နှစ်နှင့် ( ၈၅ )နှစ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၈၉)ဦးအတွက်သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၀၆၇၀၀၀၀ကို ဘိုးဘွားများ လက်ဝယ်အရောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)