နတ်မောက်မြို့နယ် ကန်ကြီးကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ (Steel Structure)တစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

နတ်မောက်    အောက်တိုဘာ  ၈

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့်မြင့်မားရေးအတွက် အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ  ကန်ကြီးကုန်းကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း(၆၅၆) ဖြင့် (Steel Structure ) တစ်ထပ်ကျောင်းဆောင် ဆောက် လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။                                

အဆိုပါအဆောက်အဦးမှာအလျား(၁၂၀)၊အနံ(၃၀)ပေ (Steel Structure ) တစ်ထပ် ကျောင်းဆောင် အမျိုးအစားဖြစ်ပြီး ၊ AB  ကုမ္ပဏီမှ သတ်မှတ်စံချိန် စံညွှန်းများ နှင့်အညီ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။

သင်းသင်းဝေ (နတ်မောက်)