လောင်းလုံး အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့တော်ခန်းမ၌ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး လောင်းလုံး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဦးကျော်ဌေးက တင်ဒါဆိုင်ရာစည်းကမ်း ချက်များ ကို ဖတ်ကြား ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာ ကြသူများကအိတ်ဖွင့်တင်ဒါနှင့်ပတ်သက်သော မိမိတို့သိရှိ လိုသော အကြောင်းအရာများကိုမ မေးမြန်းဆွေးနွေးကာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
အဆိုပါ တည်ဆောက်ရေးပစ္စည်းများဝယ်ယူခြင်းနှင့် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးဗိုလ်ထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးထွန်းနိုင်၊ လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သိန်းသိန်း(ပြန်/ဆက်)