ညောင်ဦး အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းကျေးရွာများလျှပ်စစ် မီးရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုး ရရန်ပုံ ငွေဖြင့် ဆောင်ရွက်သည့်ကျေးရွာများအနက် ယမန်နေ့ ကျေး ရွာနှစ်ရွာထပ်၍ တစ်ပြိုင်ထဲလျှပ်စစ်မီးလင်းပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံကသိရသည်။
အဆိုပါတစ်ပြိုင်ထဲ လျှပ်စစ်မီးလင်းခဲ့သည့်ကျေးရွာများမှာ ညောင်ဦးမြို့နယ် လက်ပံ ခြေပေါ် အုပ်စု၊ရွာအိုကျေးရွာနှင့်ထီးပုကျေးရွာအုပ်စုရှိ ဂျမ်းလှီးကျေးရွာတို့မီးလင်းပေးနိုင် ခဲ့ခြင်းဖြစ်ပြီး ၄င်းကျေးရွာများမီးလင်းရေးအတွက် လိုအပ်သည့် ၁၁ကေဗွီဓာတ်အားလိုင်း နှင့်(၁၁/၀.၄)ကေဗွီထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေရင်းငွေလုံးရန်ပုံ ငွေဖြင့်တပ်ဆင်တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ဗို့ဓာတ်အားလိုင်းအား ကျေးရွာ သူ၊ကျေးရွာသားများ၏ ပူးပေါင်းပါဝင်ငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ကရှင်းပြသည်။
ညောင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၈ ရွာရှိရာ ယခုတစ်ပြိုင်တည်း မီးလင်း သည့် ကျေးရွာနှစ်ရွာအပါအဝင် ၁၃၄ရွာ လျှပ်စစ်မီးရရှိပြီး (၇၁.၂၈)ရာခိုင်နှုန်း လျှပ်စစ်မီး လင်းနေပြီဖြစ်ကြောင်း အဆိုပါကျေးရွာများရှိနေအိမ်များအား အိမ်သုံးမီတာလျှောက်ထား တပ်ဆင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ညောင်ဦးမြို့နယ် နှင့်ငါ့သရောက်မြို့အတွင်းကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ်သန်း (၁၅၈၆)ကျော်ကျခံသုံးစွဲ လျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာက ပြောကြား၍သိရသည်ဦ။
ကိုထိန်၊ KPD