နွားထိုးကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက် (၆၅) နှစ် အထက် အငြိမ်းစား ဆရာ/ဆရာမကြီးများအား ဂါရဝပြုကန်တော့

နွားထိုးကြီး၊ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက် (၆၅) နှစ်အထက် အငြိမ်းစားဆရာ/ဆရာမကြီးများအား ပူဇော်ငွေများဂါရဝပြုကန်တော့ခြင်းကို အောက်တိုဘာ ၅ ရက်နေ့နံနက်ပိုင်းမှစ၍ ယနေ့အထိ ပညာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။

အဆိုပါပူဇော်ငွေများ သွားရောက်ကန်တော့ရာတွင် ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် အဖွဲ့များခွဲ၍ ပူဇော်ကန်တော့ခဲ့ကြရာ မြို့နယ်အတွင်းရှိ အငြိမ်းစားဆရာ/ဆရာမကြီး (၁၆၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)စီဖြင့် လိုက်လံကန်တော့ခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)