စလင်း အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မျိုးစ့ထုတ်မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စလင်းမြို့နယ် တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၁၁၀ အုပ်စုအတွက် မျိုးစေ့ထုတ်မျိုးစပါး ၁၀၄၀ ဧကစိုက်ပျိုး ထားရှိရာ အောက်တိုဘာလ ၈ ရက်နေ့နံနက် ၇ နာရီအချိန်က ဝက်သိုက် ကျေးရွာနှင့် ရုံးပကန်ကျေးရွာများရှိ စိုက်ကွက်များကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အဆိုပါမိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးရာတွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ RS အဆင့် ဧရာမင်းစပါးမျိုးများကိုစိုက်ပျိုးထားခြင်းဖြစ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းနှင့် ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ မျိုးစေ့ ထုတ်စိုက် ကွက် တောင်သူများအား စပါးစိုက်ပျိုးစရိတ်၊ မျိုးကွဲနှုတ်ပယ်ခြင်းစရိတ်၊ စပါးရိတ် သိမ်းမှု စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲ နှုတ်ပယ်ခြင်း၊ မြေဩဇာထည့် သွင်းခြင်းလုပ်ငန်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကွင်း တာဝန်ခံများက တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် စိုက်ပျိုးမှု နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူ များအား စိုက်ပျိုးမှုနည်းပညာ သစ်များဖြင့် စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးနည်း ပညာ သစ်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးရေးနည်း စနစ်များအသိပညာ ပေးခြင်း၊ မျိုးစေ့ထုတ် စိုက်ခင်း များတွင် လက်တွေ့ကွင်းဆင်းပြသ ပေးခြင်းများ ဆောင်ရွက်ပေး လျှက်ရှိ ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ငုဝါ (စိုက်ကွင်း တာဝန်ခံ) ထံမှသိရှိရ သည်။
မောင်လွင်(ပြန်/ဆက်)