မိုင်းပျဉ်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံနှင့် အိမ်သုံးပစ္စည်းများ ပြတိုက်ငယ်သို့ လာရောက်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြတိုက်ငယ်သို့ ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံများနှင့် အိမ်သုံးပစ္စည်းများကို ယနေ့ နံနက် ၉နာရီခွဲက စေတနာရှင် ဒေသခံပြည်သူတစ်ဦးမှ လာရောက်လှူဒါန်းခဲ့သည်။

နမ့်ဆန်၌ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေထားသည့် သင့်အမည်မဲစာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်နှင့် အတူတကွမဲပေးကြစို့ အသိပညာပေးစာစောင်တို့ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများတို့က ရပ်ကွက်အတွင်းရှိ မိဘပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂) ကျောင်း Quarantine Centre အတွက် အလှူငွေများလာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် စေတနာရှင်လူမှုဘဝ စောင့်ရှောက်​အသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် အ.မ.က(၁၂) ကျောင်း Quarantine Centreတွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက်အလှူငွေများကို မြို့နယ်အတွင်း ရှိပြည်သူများနှင့် အလှူရှင်များမှနေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဦးမျိုးသူဆန်း၊ ဒေါ်ခင်ခင်ငြိမ်းမိသားစုကအလှူငွေကျပ် (၁၀၀,၀၀၀)၊ဒေါ်ညွှန့်ညွှန့်သန်း(ပန်းရိုးမဖိနပ်ပစ္စည်း ရောင်းဝယ်ရေး)မိသားစုမှ အလှူငွေကျပ်(၃၀၀,၀၀၀)၊ အ.မ.က(၁၂)ကျောင်းသားဟောင်းအဖွဲ့မှ အလှူငွေ (၃၅၅,၀၀၀) တို့ကိုလာရောက်လှူဒါန်းပေးခဲ့ရာ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်း နာယက ဦးစိုးတင့်နှင့် အဖွဲ့ဝင်များကအလှူငွေများလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ဝင်ရောက်နေသူများအား တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ ရှမ်းစာပေယဉ်ကျေးမှု အဆောက်အဦးနှင့် အလက-ပန်စွဲ တို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ဝင်ရောက်နေသူများအား Myanmar Humanitarian Fund (MHF) မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသောအဖွဲ့၏ထောက်ပ့ံမှုဖြင့် မိုင်းရှူးမြို့ Relief International အဖွဲ့မှ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ကုသလျက်ရှိသည့် ကိုဗစ်-၁၉ လူနာ ၆ ဦးမှာ ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဆေးရုံဆင်းခွင့်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးကု သမှုခံယူလျက်ရှိသော လူနာ(၆)ဦးမှာ ရောဂါပိုးမတွေ့ရှိ တော့သဖြင့် ယနေ့တွင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမာ ရေးဦးစီး ဌာနက သိရသည်။

ဒေါပုံမြို့နယ်တွင် Quarantine Center ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ Community Based Facility Quarantine Center နှင့် စတုဘုမ္မိက မဟာသတိပဌာန်မဂ္ဂင်ရိပ်သာ ကျောင်းတိုက်တို့ရှိ စောင့်ကြည်လူနာ များထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ရွှေကူမြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေကူမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဟစ်တိုင်အဖွဲ့သူအဖွဲ့သားများမှ အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများနှင့် ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်းခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာ ရမည့် အချက်များကို ယနေ့နံနက်၇နာရီခန့်က ကျောက်တလုံးကြီးမြို့ အောင်ဇဗ္ပူလောင်းဓမ္မာရုံနှင့် မြို့ပေါ် (၆) ရပ်ကွက်တွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to