လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖျားနာကုဆေးခန်းသို့ သောက်ရေသန့်ဘူး(၃၀၀) လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်တွင် နိုင်ငံချစ်သူများအဖွဲ့က KTM သောက်ရေသန့် (၃၀၀)ဘူး လာရောက် လှူဒါန်းခဲ့သည်။

အင်္ဂပူ၌ မြို့မဈေးနယ် နိမိတ်အတွင်းရှိဈေးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များအားသတ် မှတ်စည်းကမ်းနှင့်အညီရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ကြာ ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းစိစစ်အတည်ပြုရေး အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောက်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်တို့က အမှာစကားပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် မုဒုံမြို့နယ်၌ မဲရုံ(၁၀၃)ရုံ အတွက်မဲရုံ ဝန်ထမ်း (၁၉၄၇) ဦးတာဝန်ပေးအပ်လျာထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များ၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာထားပြီး ဖြစ်ရာမဲစာရင်း တွင်မိမိအမည်ပါ၊မပါပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ဒေါပုံမြို့နယ် Community Based Quarantine Centre ၌ Quarantine ဝင်ရောက်သူများအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ကရေဂါလံ( ၁၆၀၀) ဂါလံ လှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် ၊လမုတန်းရပ်ကွက်၊အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဖွင့်လှစ်ထား ရှိသောCommunity Based Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူများ ရေသုံးစွဲခြင်း အဆင်ပြေစေရန် အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က သုံးရေကိုသွား ရောက်လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်အကျဉ်းဦးစီးဌာနသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ရှမ်း/မြောက်)မှ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC (International Committee of the Red Cross)(ရှမ်း/မြောက်)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အကျဉ်းဦးစီးဌာနသို့ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းဦးစီးဌာန ရုံးဝန်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှပေးအပ်သော ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုံးကိုးမြို့၌ အသက်(၈၀)နှစ် နှင့် (၈၅)နှစ်ကြားရှိ အဘိုး/အဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်ကြားရှိ အဘိုး/အဘွား စုစုပေါင်း(၄၆)ဦးတို့အား ‌ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ သည်။
Subscribe to