လှိုင်းဘွဲမြို့နယ် စစ်မှုထမ်း​ဟောင်းကျေးရွာ လျှပ်စစ်မီးလင်း​ရေးအတွက် နည်းပညာပေးလုပ်ငန်း ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လှိုင်းဘွဲ မြို့နယ် စစ်မှုထမ်းဟောင်း ကျေးရွာမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၄၀၀ဗို့အားလိုင်း လျှပ်စစ်မီးလင်း​ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က စစ်မှုထမ်းဟောင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ (၁၀)နှစ်အောက် ကလေးငယ်များအားနို့ချိုတိုက်ကျွေးရေးအစီအစဉ်များဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများရှိ အသက်(၁၀)နှစ်အောက်ကလေးငယ်များအားနို့ချိုတိုက်ကျွေးခြင်းအစီအစဉ်များကိုယမန်နေ့ညနေ(၃)နာရီအချိန်ကပဲခင်းကျော်ကျေးရွာအုပ်စု၊တမာကုန်းကျေးရွာဘုန်းတော်ကြီးသင်ပ ညာရေးကျောင်း တွင်ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် မြို့နယ်လျှပ်စစ်ဦးစီးဌာန ဦးစီးမှူးမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လျှပ်စစ်ဦးစီးဌာန ဦးစီးမှူးမှ မိမိဌာနရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ကြက်ဥ၊ Mask နှင့် Hand Gel ၊ Face Shield စသည့်အခြေခံ စားသောက်ကုန် ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးခဲ့သည်။

ချောက်မြို့နယ် ကဖြူကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ထင်း၊ တိုင်၊ မျောများကို ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေပေး

ချောက်မြို့နယ် အပူပိုင်း‌ဒေသ စိမ်းလန်းစို‌ပြည်ရေး ဦးစီးဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးစိုက်ခင်းမှ ထွက်ရှိသော ထင်း၊ တိုင်၊ မျောလုံးများကို ကျေးရွာပြည်သူများထံသို့ ဖြန့်‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ယင်းကျေးရွာ စိုက်ခင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်မှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုTest Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ရွှေပုံတောင်ရပ်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်‌ဆေးရေးဂိတ်မှ ဖြတ်သန်း၀င်‌ရောက်လာသည့် ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ (၁၄)ဦးတို့အား ချက်ချင်းသိနိုင်ရန် RDT နည်းအရ Test kits စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို ယမန်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးထံမှ သိရသည်။

ကိုဗစ်-၁၉ကာလတွင် မဲသမူးကျေးရွာအုပ်စု၌ တစ်ပိုင်တစ်နိုင် ဝဥခြောက်လုပ်ငန်း လုပ်ကိုင်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ၌ ရာသီပေါ်လုပ်ငန်းဖြစ်သော ဝဉခြောက်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ primary contact များနှင့် စေတနာ့ဝန်ထမ်းအတွက် ထမင်းဗူးနှင့် သောက်ရေသန့်များ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များတွင် primary contact များနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ထမင်းဗူး(၁၀၀)ဗူးအား အလှူရှင် The Idol Bar BBQ & Restaurant. မိသားစုမှလည်းကောင်း၊ရေသန့်ဘူး (UNIVERSAL)သောက်ရေသန့် ၁လီတာ (၁၂၀၀)ဘူးအား ကိုအောင်ဘိုဦး မိသားစုမှ လည်းကောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အသီးသီး လာရောက်လှူဒါန်း ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ ကျေးရွာ ၁၈ ရွာ၌ (၂၄)နာရီ လျှပ်စစ်မီးရရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် ဆောမြို့နယ်အတွင်း ကျေးရွာ(၁၈)ရွာ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် Air Set အသေး(၂)လုံးနှင့် Oxygen Flow Meter များ လင်းလက်ပရဟိတ အသင်းသို့ လှူဒါန်း

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ လင်းလက် ပရဟိတ လူမှုကူညီရေးသို့ ယမန်​နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် Air Set အသေး(၂)လုံးနှင့် Oxygen Flow Meterများ​ ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများကို အောက်တိုဘာ၁၀ရက် ညနေ၅နာရီက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to