ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီသို့ အလှူငွေပေးအပ်

ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီသို့ မြို့နယ်ပညာရေး ဝန်ထမ်း မိသားစု နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းမိသားစုများက ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလှူငွေများ လာရောက်လှူဒါန်းကြသည်။

မတူပီမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား(၁၆၇)ဦးနှင့် သင်တန်း နည်းပြများကို (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် အထူးရဲ သင်တန်းသားများနှင့် နည်းပြများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် အထက(၁) ကျောင်းတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။

မိုးညှင်းခရိုင်ဆေးရုံကြီးမှကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် ကျန်းမာရေးဝန်ထမ်း(၃)ဦး ဆေးရုံးဆင်း ခွင့်ရရှိ

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့တွင် စက်တင်ဘာလ ၁၁ရက်နေ့ ယနေ့ နံနက် (၁၀:၃၀) အချိန်တွင် မိုးညှင်းဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ သည့် ကလေးအထူးကုဆရာဝန်တစ်ဦးအပါအဝင်ကျန်းမာရေးဝန်ထမ်း(၃)ဦးအားဆေးရုံမှဆင်းခွင့်ပြုခဲ့ ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးကပြောကြားသည်။

တန့်ယန်းမြို့နယ် မိုင်းပတ်စစ်ဆေးရေးဂိတ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြရာ မိုင်းပတ်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းနေသော အရန်မီးသတ် တပ်ဖွဲ့ဝင်များ အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် ခြောက်လုံးအား ယနေ့နံနက်က ထောက်ပံ့ ပေးအပ်သည်။

ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက်မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများ ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံရုပ်ပုံ လွှာများနှင့် ၂၀၂၀ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ဖို့ မမေ့ပါနဲ့စသည့် ပိုစတာများအား ယမန်နေ့ ညနေပိုင်းက ပြသ ထားခဲ့သည်။

ချီဖွေမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက် ကျေးရွာ အုပ်စု စာ​ရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ထောက်ပံ့ ပေးအပ်ခြင်းကို အောက်တိုဘာလ(၉)ရက် မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် “သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား” အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို ယမန်နေ့ နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေး တို့တွင် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်းသိရ သည်။

သန်လျင်မြို့ Quantine Centre များ၌ အသွားအလာကန့်သတ်ထားရှိသူ ၁၀၀၀ နီးပါး ရှိလာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အသွားအလာကန့်သတ်သူများအား ထားရှိနိုင်ရေး အတွက် စောင့်ကြည့်စင်တာအား ထပ်မံပြင်ဆင်လျှက်ရှိပြီး သန်လျင်မြို့နယ် အတွင်း Quantine Centre များ၌ လူဦးရေ ၁၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် ထံမှ ယမန်နေ့ နေ့လယ် ၂ နာရီက သိရသည်။

မတူပီမြို့ မြို့အဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်သော ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုအသင်းအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ် နံနက် (၇)နာရီမှ ည(၇)နာရီ ထိ စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း ၊ကျန်းမာရေးစစ်ဆေး ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to