ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်သည် ကော်မတီ ဝင်(၇) ဦးဝင်းမြင့်သန်း၊ ဈေးများဌာနဒုတိယဌာနမှူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ခရိုင်မှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာကော်မတီ ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်ပျံကျဈေးသို့ ယနေ့နံနက်ပိုင်းအချိန်ကလာရောက်၍ ဈေးရောင်းသူ၊ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Mask, Face shield လက်အိတ်များဝတ်ဆင်၍ဈေးရောင်းချခြင်းများနှင့် ဈေးအတွင်းသို့ လာရောက်ဈေးဝယ်သူများ ကလည်း Maskစနစ်တကျဝတ်ဆင်ထားခြင်း ရှိ/မရှိ တို့ကို ဝင်ရောက် စစ်ဆေးခဲ့ကြပြီး Mask campaign ပြုလုပ်ခဲ့သည်၊အဆိုပါ ဈေးများ၊လူစည်ကားရာ နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး၊ ဆက်လက်ကူးစက်ပြန့်ပွားခြင်းများ မဖြစ်စေရေး အတွက် အသံချဲ့စက်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာကြစေရေးအတွက်သတိပေးနှိုးဆော်ထားလျက်ရှိကြောင်း သိရသည်။