ရှမ်းရွာသစ် အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ၌ ရာသီပေါ်လုပ်ငန်းဖြစ်သော ဝဥခြောက်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝဉခြောက်လုပ်ငန်းသည် အခြားစီးပွားရေး လုပ်ငန်းများကဲ့သို့ ငွေအရင်းအနှီးများစွာ မလိုအပ်ဘဲ လုပ်ကိုင် ရရခြင်းကြောင့် တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ရောင်းချသော သန့်စင်ပြီးဝဉများကို တစ်ပိဿာလျှင် (၁၃၀၀)ကျပ် နှင့် သန့်စင်မထားလျှင် (၁၂၅၀)ကျပ်ဖြင့် ဝယ်ယူလျက်ရှိသည်။
၎င်းဝဉများကို သန့်စင်ရေဆေးပြီးမီးကင်ကာ ဝဉခြောက်များကို ပြုလုပ်ပြီး ရောင်းချလျက်ရှိရာမှ ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ဝယ်ယူသူနည်းပါးလျက်ရှိပြီး အဆင့်ဆင့်ပြုလုပ်ထားသော ဝဉခြောက်များကို ချက်ခြင်း မရောင်းချဘဲ သိုလှောင်ထားပြီး ပွင့်လင်းရာသီရောက်မှသာလျှင် ရောင်းချမည် ဖြစ်ကြောင်းကို ဝဥခြောက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)