ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်ကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ကျောက်တံတားမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်

ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းရှိ/မရှိ 

ပြည်မြို့အဝင် (ဆင်မကြပ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(ဆင်မကြပ်) ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်၌ နေ့စဉ်(၂၄)နာရီ စစ်ဆေးမှူများ ပြုလုပ်လျက်ရှိပြီး၊ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ပြည်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများ အပါအဝင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်၊ သွားရောက်မည့်နေရာတို့ကို စစ်ဆေးမေးမြန်း၍

ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ လှိုင်မြို့နယ်မြေ စိုက်ဘုတ်တွင် ပြသ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် ရုပ်ပုံများအားရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ညနေပိုင်းကစတင်၍ ပြသပေးထားကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်သို့ ရေဂါလန် (၇၂၀၀) ကို ပေးဝေ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန် တော်ရှိ သံဃာတော်များ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်သို့ ရေဂါလန်(၇၂၀၀)ကို ပေးဝေခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့တွင် သုသာန်ဇရပ်ပြုပြင်ရန်အတွက် ငွေကျပ်(၁၀)သိန်း မတည်လှူဒါန်း

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများက ကျိုက်ဒုံအပိုင်ရှိ သုသာန်ဇရပ် ပြုပြင်ရန်အတွက် မတည်ငွေကျပ် (၁၀) သိန်းအား တိံဿာရာမစာသင်တိုက် တောင်ပေါ်ကျောင်းဆရာတော်ထံတွင် လှူဒါန်းခဲ့ပါသည်။

ရန်ကင်းမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းများနှင့် ဆောက်လုပ်ရေးမှ အလုပ်သမားများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်စည်ပင် သာယာ ဝန်ထမ်းများနှင့် (၁၁)ရပ်ကွက်၊ ကံဘဲ့တာဝါဆောက်လုပ်ရေးတွင် တာဝန်ထမ်းဆောင် နေကြသော နယ်မှဝန်ထမ်းများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာကော်မတီအဖွဲ့ဝင်(၉) ဦးစိန်အုန်းမှ အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည် ။

ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် မည့် အထူးရဲ ၆၄ ဦးနှင့် အရန် ၂ ဦးအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to