နတ်မောက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လျှပ်စစ်ဦးစီးဌာန ဦးစီးမှူးမှ မိမိဌာနရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ကြက်ဥ၊ Mask နှင့် Hand Gel ၊ Face Shield စသည့်အခြေခံ စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်မောင်စိုးမှ ဝန်ထမ်းမိသားစုများ ကိုဗစ်ကာလ သက်သာ ချောင်ချိရေးအတွက် အမြဲတမ်းဝန်ထမ်း(၅)ဦး၊ နေ့စားဝန်ထမ်း(၅)ဦးနှင့် ပြင်ပလုပ်သား(၅)ဦး စုစုပေါင်း (၂၅)ဦးကို တစ်ဦးလျင် ဆန်(၆)ပြည်၊ ဆီ (၅၀)သား ၊ ကြက်ဥ (၁၀)လုံး၊ Mask နှင့် Hand Gel ၊ Face Shield အား ဝန်ထမ်းများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်စိုးထံမှ သိရသည်။
လှဝင်း(နတ်မောက်)