ငပုတော၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာလအတွင်း စားသောက်နေထိုင်မှု အခက်အခဲရှိသည့် အိမ်ထောင်စု ၉၄ စု အား ဆန် ၆ ပြည်စီ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာလအတွင်း စားသောက်နေထိုင်မှု အခက်အခဲရှိသည့် မြို့ပေါ်ရပ်ကွက်လေးခုမှ အိမ်ထောင်စု ၉၄ စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများမှ ဆန်များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံးအမိုးလန်ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာနှင့် ကြိမ်ကျောင်း ကျေးရွာတို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့ နေခြည် ဈေး၊ မြို့အဝင်စစ် ဆေးရေးဂိတ်၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များ၊ စား သောက်ဆိုင်များအား စစ်ဆေးကြပ်မတ်ခြင်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့ နေခြည်ဈေး၊ မြို့အဝင်စစ်‌ ဆေးရေးဂိတ်များ၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များ၊ စား သောက်ဆိုင်များအား ယနေ့နံနက်က မြို့နယ်အဆင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှစစ်ဆေး ကြပ်မတ်ခြင်းတို့ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရှင်ဗွေယန်မြို့ရှိ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့်လျာထားနေရာများနှင့်ဒုတိယအကြိမ် မဲစာရင်း ထုတ် ပြန် ကြေငြာမှုများအား တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ရှင်ဗွေယန်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စု အတွင်းရှိ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် လျာထားနေရာများနှင့် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်အောန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ရပ်စောက် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား ယမန်နေ့က ရှမ်းပြည်နယ် စိုက်ပျိုးမေွးမြူဖွံ့ဖြိုးရေး ကော်မတီမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျုံပျော် မြို့မဈေးအတွင်းရှိ စျေးရောင်း ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၁ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘောလုံးကွင်းကွင်း တစ်ခုလုံး မြေသားကျွံကျမှုအား ပြန်လည်ပြုပြင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ၃၀၀၊အနံပေ ၂၀၀ရှိ မာလ်ဆောမ်ကျေးရွာဘော်လုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘော်လုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဘုတလင်မြို့နယ်အသင်း (ရန်ကုန်)မှ အလှူငွေများ ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဘုတလင်မြို့နယ်အသင်း(ရန်ကုန်)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံသို့ အလှူငွေများကို ယနေ့ မနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြမည့် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်−၁၉ ရောဂါ ရှိ /မရှိ (RTD)test Kit ဖြင့် Swabယူ စစ်ဆေးသွားမည်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ဝင်ရောက် ဖြတ်သန်းကြမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ် နောက် လိုက်များအား မြို့အဝင်ဂိတ်များတွင် (RTD)Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု ရှိ /မရှိ စစ်ဆေးပြီးNegative အဖြေရသူများကိုသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း ဆောင်ရွက်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါစစ်ဆေးပြီးပြီလား " ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ပြည်ထောင်စုလမ်းမကြီးနှင့် မြခွာညိုလမ်းဆုံတွင် လည်းကောင်း၊ ဈေးဆိုင်ခန်းများတွင် လည်းကောင်း ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။
Subscribe to