ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ နံနက် ၉ နာရီအချိန်ခန့်က လိုက်ကမ်ကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း စဉ်များတွင် အသုံးပြုနိုင်စေရန် ငွေကျပ်(၅)သိန်း လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန်

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးသူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ငွေသားသိန်း(၄၀)ကျပ်ထောက်ပံ့

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယကကြီး ဦးအောင်ကိုဝင်း၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရန်ကုန်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ထောက်ပံ့ငွေသိန်း(၄၀)ကျပ် ထောက်ပံ့လှူဒါန်းပွဲကို အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာအနီးရှိ မျှော်ရစ်ဘုရားသွား လမ်း၊ တံတားတည်နေစဉ် တံတားကျိုးကျရာမှ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၂) ဦး ပြုတ်ကျ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ အုပ်စု၊ ကမ်းပနီကျေးရွာအနီး၊ မျှော်ရစ်ဘုရားသွားရာလမ်း၌ ယနေ့နံနက်ပိုင်း က တံတားကျိုး၍ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး ပြုတ်ကျခဲ့​ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် ကိုဗစ်-၁၉ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများပြသဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ ပြည်သူ များသိရှိလိုက်နာနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များကို အများပြည်သူထံ ဖြန့်ဝေ

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှု အပေါ် ရှင်းလင်းတိကျစွာသိရှိနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမျာက အများပြည်သူထံ ဖြန့်ဝေပေးခဲ့သည်။

ဥတ္တရခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

သရက်မြို့ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် သရက်မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများပေးအပ်ခြင်းကို ယနေ့ နေ့လယ် (၂)နာရီ က သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖော့ကန်ဈေးနှင့် မြို့သစ်ဈေးများသို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to